Copyright/IP Policy

သတင်းအချက်အလက်ဆိုင်ရာ အသိပေးချက်

 

ရတနာပုံ Web Portal တွင် ဖော်ပြထားသည့် ပြည်တွင်း ပြည်ပ မီဒီယာများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ သတင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ စာအုပ်၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်စသည့် အချက်အလက်များမှာ ရတနာပုံ Web Portal မှ သက်ဆိုင်ရာ မီဒီယာများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တရားဝင်သဘောတူညီမှု ပြုလုပ်ပြီး ရယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ရတနာပုံ Web Portal တွင် ဖော်ပြထားသည့် သတင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ စာအုပ်၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်စသည့် သတင်းအချက်အလက်များ၏ မူပိုင်ခွင့်နှင့် အမှန်အမှားကဲ့သို့သော ကိစ္စရပ်များမှာ မူလရင်းမြစ်ဖြစ်သည့် မီဒီယာများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါသည်။ ရတနာပုံ Web Portal မှ ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် တာဝန်မရှိပါ။

 

Upload ပြုလုပ်ခြင်း၊ ရေးသားဖော်ပြခြင်းဆိုင်ရာ အသိပေးချက်

 

၁။ ရတနာပုံ Web Portal သည် မူပိုင်ခွင့်ဆိုင်ရာများကို အထူးလေးစားလိုက်နာမည် ဖြစ်ပါသည်။ သို့ပါ၍ Member များ အနေဖြင့်လည်း ရတနာပုံ Web Portal တွင် မိမိတို့ upload ပြုလုပ်သော စာအုပ်၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်များ၊ ရေးသားဖော်ပြသော သတင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများ၊ အခြားသော အချက်အလက်များနှင့် ပတ်သက်၍ မူပိုင်ခွင့်ဆိုင်ရာများကို လေးစားလိုက်နာကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

 

၂။ ရတနာပုံ Web Portal Member အနေဖြင့် တည်ဆဲဥပဒေများနှင့် မကိုက်ညီသော၊ မြန်မာ့ယဉ်ကျေးမှုအရ မသင့်တော်သော၊ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား ရည်ရွယ်ချက်ရှိရှိ ဝေဖန်ပုတ်ခတ်ထားသော၊ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ တရားဝင်မူပိုင်ခွင့်ကို အလွဲသုံးစားပြုထား၍ စာအုပ်၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်များ upload ပြုလုပ်ထားခြင်း၊ သတင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများ ဖော်ပြထားခြင်းတို့ကို အခိုင်အမာတွေ့ရှိပါက ထို ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်နှင့် စာသားများကို ရတနာပုံမှ ပယ်ဖျက်မည်ဖြစ်ပါသည်။

 

၃။ အမှတ်စဉ် (၂) ပါ အချက်အား ကျူးလွန်သည့် Member ထံသို့ သတိပေး အကြောင်းကြားစာ ပေးပို့မည် ဖြစ်ပါသည်။ ပထမအကြိမ် သတိပေး အကြောင်းကြားစာ ပေးပို့သော်လည်း ဆက်လက်ကျူးလွန်နေပါ ဒုတိယအကြိမ် ထပ်မံသတိပေး အကြောင်းကြားပါမည်။ သို့သော် ထို Member မှ လိုက်နာခြင်း မရှိပါက ရတနာပုံ Member အဖြစ်မှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

Copyright © 2013 Yatanarpon, All rights reserved.