Photo

Blockchain Technology အကြောင်း လေ့လာကြမယ်

By Internet Journal 29 November, 2017 - 00:36

မင်္ဂလာပါ ကျွန်တော့်နာမည် ညီငြိမ်းအေးပါ။ Thitsaworks ရဲ့ CEO ပါ။ ဒီနေ့ အင်တာနက်ဂျာနယ်နဲ့လုပ်တဲ့ Fintech Talk မှာ အခုအရမ်း ရေပန်းစားနေတဲ့ Blockchain Technology အကြောင်းကို ကျွန်တော်တို့ အတူတူလေ့လာကြဖို့ စီစဉ်ထားပါတယ်။


Blockchain Technology ဆိုတာ

Blockchain Technology ဆိုတာ အရမ်းအရေးကြီးတယ်လို့ လူတွေကပြောကြပါတယ်။ တချို့တွေက ဘယ်လိုတောင်ပြောလဲဆိုရင် အခုလာမယ့် နောက်ထပ် အနှစ်နှစ်ဆယ်အတွင်းမှာ ဒီ Technology ဒီ နည်းပညာက အကြီးမားဆုံး၊ အထိရောက်ဆုံးပြောင်းလဲမှု ပေးနိုင်တဲ့ နည်းပညာလို့ပြောကြပါတယ်။ Blockchain ရဲ့ အဓိကပြောင်းလဲသွားတဲ့ အချက်ကတော့ အင်တာနက်ပေါ်မှာ လုပ်နေကျပုံစံတွေ ပြောင်းကုန်မှာပါ။ ဥပမာပြောရလို့ရှိရင် အင်တာနက်ပေါ်ကနေပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံပို့တယ်၊ File ပို့တယ်ဆိုလို့ရှိရင် တကယ်တော့ အဲ့ကောင်ကို ကျွန်တော်တို့က ကော်ပီကိုပို့လိုက်တာ၊ ကျွန်တော်တို့ဆီမှာ Original File ကရှိနေသေးတယ်။ အဲဒါကို ကော်ပီလုပ်ပြီးတော့မှ အီးမေးလ်ထဲကတစ်ဆင့် ဒါမှမဟုတ် Messenger ထဲကတစ်ဆင့်၊ Viber က တစ်ဆင့်ပို့လိုက်တာ။ အဲ့နည်းက ပိုက်ဆံကျတော့ သုံးလို့မရတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံကို ကျွန်တော်က တခြားတစ်ယောက်ကို ပေးတယ်ဆိုလို့ရှိရင် ကော်ပီလုပ်ပြီးတော့ပေးလိုက်လို့မရဘူး။ ကျွန်တော့်ဆီမှာ အဲ့ပိုက်ဆံကို ဆက်ပြီးတော့ သုံးလို့မရတော့ဘူး။ ဒါကို Double Spending လို့ခေါ်တဲ့ နှစ်ခါပြန်ပြီးတော့သုံးလို့ရဖို့ အန္တရာယ်ရှိတဲ့ကိစ္စကို ဒီ Blockchain ကဖြေရှင်းပေးတာပါ။ Blockchain ဆိုတာဘာလဲလို့ အလွယ်ဆုံးဘက်က ကြည့်မယ်ဆိုရင် Ledger စာအုပ်လိုပဲ Record တွေကို လုပ်ထားတယ်၊ အချက်အလက်တွေကို စုထားတယ်၊ အချက်အလက်တွေကို အမြဲတမ်းပြောင်းလဲပြီးတော့ မှတ်နေတယ်။ တစ်ယောက် ယောက်ကနေ Transaction တစ်ခုခုလုပ်လိုက်တယ်ဆိုတာနဲ့ ပြောင်းလဲပြီးတော့မှတ်နေတဲ့နည်းပညာပါ။

Blockchain ရဲ့ သမိုင်း

Blockchain ရဲ့သမိုင်းကို ကြည့်မယ်ဆိုရင် ကိုးနှစ်လောက်ရှိပြီး ၂၀၀၈ ခုနှစ် Financial Crisis ဖြစ်ပြီးတဲ့အချိန်မှာ Blockchain ကိုစပြီးတော့ ပေါ်လာတာပါ။ Satoshi Nakamoto ဆိုပြီးတော့ နာမည်ဝှက်နဲ့ခံထားတဲ့ လူတစ်ယောက်ကဖြစ်စေ၊ လူတစ်ဖွဲ့ကဖြစ်စေ White Paper လို့ခေါ်တဲ့ Technical Paper တစ်ခုကိုရေးပြီးတော့ Blockchain ရဲ့ Technology ကိုလွှင့်လိုက်တာပါ။ အဲ့ Technical Paper ကနေပြီးတော့ peer to peer လူနဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်း ပိုက်ဆံပေးတဲ့ နည်းပညာ စနစ်တစ်ခုကို Propose လုပ်ခဲ့ပါတယ်။ နာမည်က Bitcoin လို့ပေးထားပါတယ်။ အဲ့ဒီ Bitcoin ဆိုတာ Digital Access တစ်ခုပေါ့။ သူက ပိုင်ဆိုင်မှုတစ်ခု Digital Currency လို့ခေါ်တယ်။ Digital Cash လို့လည်းခေါ်တယ်။  Virtual Currency လို့လည်းခေါ်တယ်။ Electronic Currency လို့လည်း ခေါ်တယ်။ ဒါမှမဟုတ် Crypto Currency လို့လည်းခေါ်တယ်။ အခုဆိုလို့ရှိရင်တော့ Bitcoin တင်မကဘဲနဲ့ တခြား Digital Currency တွေလည်း ရှိပါတယ်။ Bitcoin ကတော့ နာမည်အကြီးဆုံး Digital Currency တစ်ခုပါ။ ကျွန်တော်တို့ နောက်ထပ် Fintech Talk တစ်ခုမှာ Bitcoin အကြောင်းကို အသေးစိတ်လေ့လာဖို့အတွက် အခုတော့အကြမ်းဖျင်းပဲ မှတ်ထား လိုက်မယ်။ Bitcoin ရဲ့ အဓိကအချက်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် Bitcoin ကို ပိုက်ဆံလိုမျိုးပဲ ပေးလို့ရတယ်။ ဒါပေမဲ့ သူကကြားထဲမှာ ဘဏ်တွေ၊ ပွဲစားတွေရှိစရာမလိုဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ပေးတဲ့အတွက် ချက်ချင်းရောက်တယ်၊ ဈေးသက်သာတယ်၊ လုံခြုံစိတ်ချမှုရှိတယ်။

 


Record တွေ

Blockchain Technology ရဲ့အဓိကအချက်ကတော့ Block လို့ခေါ်တဲ့ Record တွေပါတယ်။ Record တွေကို မှတ်ထားတယ်။ အဲ့ဒီ Record တွေကို Cryptography လို့ခေါ်တဲ့ လျှို့ဝှက်တဲ့နည်းပညာနဲ့ မှတ်ထားတယ်။ Block တိုင်းမှာ အရင် Block ကိုခေါ်လို့ရတဲ့ Hash Pointer ပါတယ်။ သူ့ဆီမှာ Time Stamp လည်းပါတယ်။ ဘယ်သူကနေ ဘယ်သူ့ကို ပိုက်ဆံပေးတာလည်းပါတယ်။ ဘာ Transaction လုပ်တယ်ဆိုတဲ့ အချက်အလက်လည်းပါတယ်။ အချက်အလက်တွေအားလုံးကို Server တွေ အများကြီးအပေါ်မှာ တစ်ခါတည်းတစ်ချက်တည်း အချိန်နဲ့တစ်ပြေးညီ Save ထားလိုက်တယ်။ အဓိက Block Chain ရဲ့အားသာချက်ကတော့ Safe ဖြစ်တယ်။ ဘယ်သူမှ အဲ့ဒီ Record တွေကို ရေးပြီးတာနဲ့ပြင်လို့မရဘူး။ ကွန်ပျူတာတွေအများကြီးပေါ်မှာ တစ်ခါတည်း အချိန်နဲ့ တစ်ပြေးညီ Save လုပ်ထားတယ်။ အဲဒါတွေအကုန်လုံးကို သွားပြီးတော့ဖျက်မယ်ဆိုရင် ဘယ်သူမှမတတ်နိုင်ဘူး။

Blockchain နဲ့ ယုံကြည်မှု

Blockchain ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ထားလဲဆိုတော့ ဒီနည်းပညာသည် ပွင့်လင်းတဲ့၊ ထင်သာမြင်သာရှိတဲ့ Ledger တစ်ခုဖြစ်တယ်။ အဲ့ဒီ Ledger ကိုသုံးပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက် Transaction ရှိတဲ့အခါကျလို့ရှိရင် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ပြန်ပြီးတော့ စစ်ဆေးလို့ရတဲ့နည်းနဲ့၊ ပြန်ပြီးတော့ဖျက်လို့မရတဲ့ နည်းနဲ့ Save လုပ်ထားတဲ့ Technology ကိုပြောတာ။ Blockchain က ဘာဖြစ်လို့အရေးကြီးလဲဆိုတဲ့ ဥပမာတစ်ခုကို ဘယ်လိုပြောလဲဆိုတော့ ကျွန်တော်တို့ အခုကမ္ဘာပေါ်မှာ လူဦးရေ သန်းပေါင်း ၇၆၀၀ ရှိပါတယ်။ ဒီသန်းပေါင်း ၇၆၀၀ ရှိတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် Transaction တွေ လုပ်နေကြတာ တစ်နှစ်တစ်နှစ်မှာ ဆိုလို့ရှိရင် သန်းပေါင်း သန်းတစ်ရာလောက်ရှိတယ်။ One Hundred Trilion Transaction အဲလိုမျိုးတစ်ယောက်နဲ့ တစ်ယောက် အရောင်းအဝယ်တွေ လုပ်နေကြတာ ပိုက်ဆံတွေပေးနေကြတာ ယုံကြည်မှုအပေါ်မူတည်တယ်။ ဥပမာဆိုလို့ရှိရင် လူတစ်ယောက်ဆီ ကနေပြီးတော့ တစ်ယောက်ကအိမ်ဝယ်မယ်၊ ကားဝယ်မယ်၊ ပစ္စည်းတစ်ခု ဝယ်မယ်ဆိုလို့ရှိရင် ပစ္စည်းရဲ့ပိုင်ဆိုင်မှုကိုမှတ်ထားတဲ့ အချက်အလက်တွေကို တစ်ယောက်ကိုလွှဲပြီးတော့ပေးလိုက်တယ်။ ဒါပေမဲ့ အဲ့အချက်အလက်တွေက မှန်လား မမှန်ဘူးလား၊ ကော်ပီလုပ်ထားလား ဒါမှမဟုတ် ကြားထဲမှာ ထိန်ဖွက်ထားတာရှိလား ဘယ်သူမှမသိနိုင်ဘူး။ ယုံကြည်မှုမှာလုပ်ထားတဲ့အပေါ်မှာ ဘယ်လိုသွားပြီးတော့ သေချာအောင်လုပ်မလဲဆိုတဲ့နည်း အခု ကျွန်တော်တို့သုံးနေတဲ့အင်တာနက်မှာ မရှိဘူး။

ကိုင်တွယ်ဖို့အဖြေရှာနေဆဲ Blockchain

Blockchain Techology ထဲမှာဆိုရင် Ethereum ဆိုတာ Open source, Public, Blockchain-based distributed computing platform ဖြစ်ပါတယ်။ ဒီ Technology ကိုသုံးပြီးတော့ Distributed Application တွေ အများကြီး လုပ်လို့ရပါတယ်။ Digital Currency အပြင်ကို Smart Contract တွေ၊ identity management တွေလုပ်လို့ရပါတယ်။ ကျွန်တော်တို့နောက် Fintech Talk Series တွေမှာ Technology တွေကို လေ့လာသွားဖို့ စီစဉ်ထားပါတယ်။ ဒီ Blockchain ကို ဘယ်လို Regulate လုပ်မလဲဆိုတာ အခုအချိန်မှာ အစိုးရတွေ တော်တော်များများဟာ အဖြေရှာနေတုန်းပဲ ရှိပါတယ်။ သူတို့စိုးရိမ်တဲ့ အချက်ကတော့ Blockchain ကိုသုံးပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်က Transaction လုပ်လို့ရတယ် ကြားထဲမှာ ဘဏ်တွေမလိုဘူး၊ အစိုးရတွေမလိုဘူး ဆိုလို့ရှိရင် သူတို့ကို အစိုးရတွေအနေနဲ့ သူတို့ရဲ့အာဏာတွေလျော့သွားမှာကို စိုးရိမ်ပါတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတာ အခုထက်ထိ အဖြေရှာနေဆဲပဲ ဖြစ်ပါတယ်။

Blockchain ရဲ့ Timeline

Blockchain ရဲ့ Timeline ကို ဒီလိုမျိုးရှင်းပြထားပါတယ်။ ၂၀၁၅ လောက်တုန်းကဆိုရင် ဒီ Blockcahin ဟာ စပြီးတော့ explore လုပ်နေတုန်း အချိန်ပေါ့။ အဲ့ကနေပြီး ၂၀၁၆-၂၀၁၇ မှာဆိုလို့ရှိရင် စပြီးတော့ သုံးလာတဲ့ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရှိလာပြီ၊ ဒါပေမဲ့ အများကြီး မများသေးဘူး ၂၀၁၈ ကနေ ၂၀၂၄ မှာဆိုရင် ဘဏ်တွေ တကယ့်ကို အစိုးရအဖွဲ့အစည်းတွေ၊ တခြားကုမ္ပဏီကြီးတွေက စပြီးတော့ သုံးလာကြမယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ ကနေစပြီးတော့ Block-chain Technology ဟာ mature ဖြစ်ပြီးတော့ အဲ့အချိန်မှာဆိုရင် လူတိုင်းနီးပါး သုံးမယ်လို့ ခန့်မှန်းထားပါတယ်။

Blockchain Technology ကို ဘယ်နိုင်ငံတွေပိတ်ထားလဲ

Blockchain Technology ကို စိုးရိမ်တဲ့ နိုင်ငံတွေရှိပါတယ်။ အဲ့နိုင်ငံထဲက ဆယ်နိုင်ငံဟာဆိုရင် Bitcoin ကိုသုံးဖို့ဟာကို တားမြစ်ထားပါတယ်။ အဲ့နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ဘိုလေးဗီးယား၊ ချိုင်းနား၊ အီကွေဒေါ၊ အိုက်စလန်၊ အိန္ဒိယ၊ ရုရှား၊ ဆွီဒင်၊ ထိုင်း၊ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ရှိတဲ့ဆယ်နိုင်ငံထဲမှာငါးနိုင်ငံက အာရှမှာပါ။ ငါးနိုင်ငံထဲမှာမှ နှစ်နိုင်ငံက ထိုင်းရယ်၊ ဗီယက်နမ်က သူတို့ကတော့ Southeast Asia မှာဖြစ်ပါတယ်။

ဗီယက်နမ်က ဗဟိုဘဏ်ကကျတော့ ဘာဖြစ်လို့ပေးမသုံးတာလဲ ဆိုတာကျတော့ ဒီ Bitcoin ကိုသုံးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ပိုက်ဆံလွှဲတဲ့ အခါကျလို့ရှိရင် နာမည်ဖော်ဖို့မလိုတဲ့ အခါကျတော့ ငွေခဝါချတာတွေ၊ ဒုစရိုက်မှုကိစ္စတွေ၊ အခွန်ရှောင်တဲ့နေရာတွေမှာ သုံးမယ်ဆိုပြီးတော့ စိုးရိမ်လို့ပေးမသုံးတာပါ။

Blockchain နဲ့ မြန်မာ

Blockchain က မြန်မာပြည်မှာ အခုဘယ်လိုစပြီးတော့ သုံးနေပြီလဲဆိုတော့ စောသေးတဲ့ အချိန်တစ်ခုတော့ဖြစ်နေပါသေးတယ်။ မြန်မာပြည်မှာ Blockchain သုံးတဲ့ဥပမာတစ်ခုကတော့ Infoteria လို့ခေါ်တဲ့ ဂျပန်ဆော့ဖ်ဝဲတစ်ခုနဲ့ မြန်မာပြည်က အသေးစားချေးငွေ လုပ်ငန်းတစ်ခုဖြစ်တဲ့ Bagan Capital Finance တို့ပေါင်းပြီးတော့ ၂၀၁၆ မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ စမ်းသပ်မှုမှာ Mijin လို့ခေါ်တဲ့ Private Block-chain တစ်ခုကိုသုံးပြီးတော့ Bagan Capital Finance က Micro Fianance နဲ့ပတ်သက်တဲ့ Operation Data တွေကို အဲ့ Block Chain မှာ Record လုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုတွေမှာ အဓိကပါပြီးတော့လုပ်ခဲ့တဲ့ Infoteria လို့ခေါ်တဲ့ ဂျပန်ဆော့ဖ်ဝဲ ကုမ္ပဏီကတော့ ရလဒ်ပေါ်မှာမူတည်ပြီးတော့ Blockchain Technology နဲ့ပတ်သက်တဲ့နည်းပညာတွေ၊ ထုတ်ကုန်တွေကို မြန်မာပြည်ကို သယ်ယူလာမယ်လို့ ပြောသွားပါတယ်။

Blockchain နဲ့ အနာဂတ်မျှော်လင့်ချက်

ဒီ Blockchain နဲ့ ပတ်သက်ပြီးတော့ နောက်ဘာတွေများ ပြောင်းလဲလာဦးမလဲဆိုတာ လူတွေအများကြီးက စိတ်ဝင်စားနေကြပါတယ်။ အစတုန်းကပြောသလိုပဲ ဒီ Blockchain ဟာ အခုလာမယ့်အနှစ်နှစ်ဆယ်အတွင်းမှာ အရေးပါထိရောက်တဲ့ နည်းပညာတစ်ရပ်လို့ ပြောကြပါတယ်။ ဥပမာပေးတာတစ်ခုကတော့ အီးမေးလ်စနစ် ပေါ်လာပြီးတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေ၊ ပုံစံတွေ ပြောင်းသွာသလိုပဲ ဒီ Blockchain Technology ပေါ်လာပြီးတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် ပိုက်ဆံတွေ ငွေရှင်းတဲ့နေရာမှာ ငွေရေးကြေးရေးစနစ်တွေမှာ အကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်သွားမယ်ဆိုပြီးတော့ မျှော်လင့်နေပါတယ်။

ယခုဆောင်းပါးအတွက် ဗီဒီယိုကို http://www.internetjournal.media/category/videos/ တွင်ကြည့်ရှုနိုင်ပါသည်။

-သန္တာ

http://www.internetjournal.media

Your rating: None Average: 5 (1 vote)