Photo

ဟာသဇာတ်လမ်းတွဲ တစ်ခုအတွက် လင်းဆေးလိုဟန်ကို HBO ချဉ်းကပ်နေ

By Planet 28 August, 2013 - 15:41

လင်းဆေးလိုဟန် အနေဖြင့် ဇာတ်မြူး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ ယာဉ်စည်းကမ်း ပျက်ကွက်မှုများကြောင့် ပြန်လည်ထူထောင်ရေး စခန်းတွင် သွားရောက်နေထိုင်ရပြီး မကြာသေးမီကမှ လွတ်မြောက်လာသည့် အဆိုတော် မင်းသမီးကို HBO က ဆက်သွယ်နေပြီး ဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်ရန် ကမ်းလှမ်းထားသည်။ အဆိုပါ ပရောဂျက်ကို လင်းဆေး ကိုယ်တိုင်ကလည်း အလွန်အမင်း စိတ်ဝင်စားနေဟန် ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက် (၂၇) နှစ်ရှိ လင်းဆေးသည် ရက်(၉၀) ကြာအောင် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွင် နေထိုင်ခဲ့ပြီးနောက် အနုပညာ လှုပ်ရှားမှုများ တစ်ကျော့ပြန် စတင်ရန် အစီအစဉ် ရေးဆွဲနေဆဲ ဖြစ်သည်။

အဆိုပါ အနေအထားတွင် HBO မှ ဒန်နီမက်ဘရိုက်က ၎င်းစီစဉ်နေသည့် ဟာသဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်ရန် လင်းဆေးကို ချဉ်းကပ်လာခြင်း ဖြစ်သည်။ အသက် (၃၆) နှစ်ရှိ မင်းသားတစ်ပိုင်း၊ ပရိုဂျူဆာတစ်ပိုင်း မက်ဘရိုက်၏ ဆက်သွယ်မှုကို လင်းဆေးကလည်း ဂုဏ်ယူနေကြောင်း သူမနှင့် နီးစပ်သူများက ဆိုသည်။ လင်းဆေးသည် မကြာသေးမီက နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ်မှူး အော်ပရာဝင်းဖရေးနှင့် တွေ့ဆုံပြီး သူမအနေဖြင့် ပြန်လည် ထူထောင်ရေး စခန်းမှ ပြန်ထွက်လာချိန်တွင် စိတ်သစ်လူသစ် ဖြစ်နေပြီဟု ပြောဆိုခဲ့သေးသည်။ သူမသည် ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အနိမ့်အမြင့်၊ အတက်အကျများကို မှတ်တမ်းတင် ဖွင့်ဟမည့် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုအတွက် အပိုင်း (၈) ပိုင်း ပါဝင်ဆွေးနွေးရန်လည်း အော်ပရာနှင့် သဘောတူညီပြီး ယင်းအတွက် ဒေါ်လာ (၂) သန်းတန် စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။

No votes yet