Photo

လိမ္မာတဲ့ Mersedes-Benz E-Class ကား မြန်မာပြည်မှာ ရောင်းပြီ

By Yatanarpon 29 August, 2013 - 09:54

သြဂုတ်လ ၂၈ ရက်။        ။ ဒီကနေ့နေ့လည် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ထဲက ဇေကမ္ဘာဝင်း အတွင်းက ဂေါက်ကလပ်မှာ Cycla & Carriage Automobile Myanmar Co,Ltd က တင်သွင်းထားတဲ့ the new Mersedes-Benz E-Class ကို မီဒီယာများအား သရုပ်ပြ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီသရုပ်ပြ ရှင်းလင်းပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ မော်တော်ကား ဈေးကွက်ထဲကို တင်သွင်းရောင်းချပေးတဲ့ မာစီးဒီကား မော်ဒယ်လ် E-Class မော်တော်ကို တာဝန်ရှိသူများက မီဒီယာများကို တစ်ဦးချင်းအလိုက် သိရှိနိုင်ဖို့အတွက် အဆိုပါ ဂေါက်ကွင်းအတွင်း ခရီးတို စမ်းသပ် မောင်းနှင်ပြသပြီး မော်တော်ကားရဲ့ လုံခြုံစိတ်ချရမှု အစိတ်အပိုင်းများကို ပြောပြရာမှာတော့ ဒီမာစီးဒီးကားမှာ လယ်သာအစစ်နဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုန်များ၊ အလိုလျောက် အန္တရာယ်ကင်း ခါးပတ်များကို တင်းကြပ်ပေးခြင်း၊ မော်တော်ကားမှာ ပါဝင်တဲ့ ဖုန်းကနေ တိုက်ရိုက် ဖုန်းပြောဆိုနိုင်ခြင်း၊ ဘလူးတုများ ကြည့်ရှုနိုင်ခြင်းခြင်း၊ အသံပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ဆောင်းစစ်စတန်များ ပါဝင်ခြင်း၊ အလိုလျောက် ယာဉ်ရဲ့အရှိန်ကို ထိန်းချုပ်ပေးနိုင်စွမ်းများ ပါဝင်ခြင်း၊ ယာဉ်ပေါ်ပါ မောင်းနှင်းသူနဲ့ စီးနင်း လိုက်ပါလာသူများကို အသက်အန္တရာယ်မှ လုံခြုံစိတ်ချစွာ ကာကွယ်ပေးနိုင်ခြင်း၊ မော်တော်ယာဉ်မှာ လူသားများ အန္တရာယ်မှ ကင်းဝေးစေဖို့အတွက် အဖက်ဖက်မှ လုံခြုံစိတ်ချရမှု ရှိအောင် ဆောင်ရွက်ထားခြင်း၊ နိုင်ငံတကာမှာ ဒီလို မာဒီးဒီးကားများကို ငွေကြေးတတ်နိုင်သူများနဲ့ နိုင်ငံ့ခေါင်ဆောင်များ အများဆုံး စီနင်းကြပြီး၊ တခြားသော မော်တော်ကားများနဲ့ မတူညီတဲ့ အားသာချက်များဖြစ်တဲ့ ရန်ကုန်မြို့လို နေရာမျိုးများတွင် ယာဉ်ရပ်နားမှု အခက်အခဲများကို အဆိုပါ မော်တော်ယာဉ်မှ အခြားသော မော်တော်ယာဉ်များနဲ့ မတူ တမူထူးခြားစွာ မိမိရပ်နားမယ့် နေရာအား အလိုလျောက် ရှာဖွေပြီး ယာဉ်မောင်းသူမှ ဘာမှလုပ်ကိုင်စရာ မလိုဘဲ အလိုလျောက် ယာဉ်ရပ်နားမှုကို တိကျမှန်ကန်စွာ ရပ်နားနိုင်ခြင်း၊ ယာဉ်မှလူကို တိုက်ခိုက်မှု ဖြစ်ပွားတဲ့ ဖြစ်စဉ်များတွင်လည်း တခြားသော ယာဉ်များကဲ့ သူ့ယာဉ်တိုက်မိသူရဲ့ အသက်အန္တရာယ်ကို လွယ်ကူစွာ ချွေဖျက်နိုင်တဲ့ အန္တရယ်ကို ယခု မာစီးဒီးကားများက လုံခြုံစိတ်ချစွာနဲ့ တိုက်မိသူကို နာကျင်မှု အန္တရာယ် နည်းပါးစေခြင်း၊ အဝေးပြေး လမ်းမကြီးများပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေပါကကလည်း အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့ အချိန်များတွင် ယာဉ်မောင်းသူမှ ဘရိတ်အား အသုံးပြုရန် မေ့လျော့နေပါက အလိုလျောက် ဘရိတ်ကို ဟိုက်ဒရောလစ်နဲ့ အသုံးပြုပြီး ယာဉ်ကို ရပ်တန့်စေခြင်း၊ မိမိမောင်းနှင်နေတဲ့ မော်တော်ကားနဲ့ အခြားသော မော်တော်ကားများ ရင်ဘောင်တန်း မောင်းနှင်နေပါက အန္တရာယ်ဖြစ်ပွားမယ့် အခြေအနေများကို အလိုလျောက် ယာဉ်မောင်းသူအား အသိပေး ကိရိယာများ ပါဝင်တတ်ဆင်ထားခြင်း၊ မော်တော်ယာဉ်မှာ အမြင်အာရုံ ခံစားနိုင်တဲ့ ကင်မရာများ၊ ဆင်ဆာများ တတ်ဆင်ထားခြင်းစတဲ့ တခြားသော မော်တော်ယာဉ်များနဲ့ မတူညီတဲ့ ထူခြားတဲ့ အားသာချက်များ ပါဝင်တယ်လို့ အဆိုပါကားကို လက်တွေ့ မောင်းနှင်ပြသတဲ့ ကိုနန္ဒအောင်က ရှင်းလင်းပြောပြပါတယ်။

 



အဆိုပါ မာစီးဒီ E-Lass မော်တော်ကား အမျိုးအစားများကို လက်ရှိ မြန်မာနိုင်ငံရဲ့ မော်တော်ကား ဈေးကွက်အတွင်းမှာ သိန်းပေါင်း ၂၂၀၀ ခန့်နဲ့ ဝယ်ယူ ရရှိနိုင်တယ်လို့လဲ သိရပါတယ်။

 

 

 



ရတနာပုံသတင်း

No votes yet