Photo

Ubuntu OS ပေါ်တွင် Timezone များ ထပ်မံ ထည့်သွင်းပုံ

By Internet Journal 4 September, 2013 - 15:51

Ubuntu OS အသုံးပြုတဲ့သူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS မှာ အခြားသော Timezone တွေကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  Timezone အသစ်တွေကို ထည့်သွင်း အသုံးပြုခြင်းဖြင့် သင်သိရှိတဲ့ နိုင်ငံရဲ့ အချိန်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။  Timezone ကို အသစ် ထပ်မံထည့်သွင်းဖို့ အတွက် နည်းလမ်းကလည်း အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Timezone အသစ်တွေကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS အတွင်းမှာရှိတဲ့ System Settings ဆိုတာကို ရွေးချယ်ပြီး ဖွင့်ရပါမယ်။  System Settings ထဲကို ရောက်သွားပြီဆိုရင် Time & Date ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Time & Date Button ကို ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ Time & Date Box ထဲမှာ Time & Date ရယ် Clock ဆိုတဲ့ Tab ၂ ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ  အထဲက Clock ဆိုတဲ့ Tab ကို ရွေးချယ်ပေးရပါမယ်။ Clock ဆိုတဲ့ Tab အောက်မှာ Time other locations ဆိုတဲ့ Check Box မှာ အမှန်ခြစ်ကို ထည့်သွင်းပေးပြီး Choose Locations ဆိုတဲ့ Buttons ဆိုတဲ့ Button ကို ရွေးချယ်ပြီး နှစ်သက်ရာကို နိုင်ငံရဲ့ အချိန်ကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

 

Location Box မှာလည်း နိုင်ငံကို ရှာဖွေ မနေချင်ဘူးဆိုရင် သင်ထည့်သွင်းချင်တဲ့ တိုင်းပြည်ရ အမည်ကို ထည့်သွင်းပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ သင်အသုံးပြုတဲ့ Ubuntu OS ရဲ့ Menu Bar မှာ Clock မပေါ်ဘူးဆိုရင်တော့ Show a clock in the menu bar ဆိုတဲ့ Check box မှာ အမှန်ခြစ် ထည့်သွင်းပေးထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကို ၁၂ နာရီ ပြမှာလား ၂၄ နာရီ ပြမှာလား ဆိုတာကိုလည်း နှစ်သက်ရာ ရွေးချယ်ပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ထည့်သွင်း ထားတဲ့ Time Zone ထဲက သင်အလို မရှိတော့တဲ့ တိုင်းပြည်နိုင်ငံသို့ မဟုတ် နေရာရဲ့ အချိန်တွေကို ပြန်လည် ဖျက်ထုတ်ချင်တယ် ဆိုရင် Location Box ရဲ့ "-" Button လေးကို ကလစ်နှိပ်လိုက်ပါ။

 

ဒါဆိုရင် Location Box ထဲမှာ သင်ထည့်သွင်းထားတဲ့ Timezone  တွေကို တန်းစီပြသထားပြီး အဲဒီနောက်မှာမှ Delete Button လေးတွေကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီထဲက သင်မလိုအပ်တော့တဲ့ Timezone တွေကို ဖယ်ရှားရှင်းလင်း ပစ်နိုင်မှာ ဖြစ်ပါတယ်။ အခြားသော Timezone ကို မထည့်ထားချင်ဘဲ သင့်ရဲ့ လက်ရှိ တည်နေတဲ့ နိုင်ငံရဲ့ အချိန်တစ်မျိုးတည်းကိုသာ ထည့်သွင်း ထားချင်တယ် ဆိုရင်တော့၊ System Settings အောက်က Time & Date ကို ရွေးချယ်ပြီး၊ Clock ဆိုတဲ့ Tab အောက်မှာရှိတဲ့ Times in other Location ဆိုတာကို ရွေးချယ်ထားတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ရင် အခြားသော Timezone တွေကို သင့် Ubuntu ရဲ့ Menu Bar ပေါ်က Clock မှာ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

No votes yet