Photo

သေကြောင်းကြံစည်မယ့် ပို့စ်တွေကို ခြေရာခံပေးမယ့် Facebook AI

By Internet Journal 29 November, 2017 - 00:07

Facebook ရဲ့ “proactive detection” artificial intelligence နည်းပညာသစ်ဟာ ကိုယ့်ကိုယ်ကိုသတ်သေမယ့် အတွေးတွေပါဝင်တဲ့ ပို့စ်တွေအားလုံးကို scan ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အရေးကြုံလာတဲ့အခါကျရင်သေကြောင်းကြံစည်မယ့်သုံးစွဲသူဆီ ဒါမှမဟုတ် သူတို့ရဲ့သူငယ်ချင်းတွေ ဒါမှမဟုတ် ဒေသတွင်းက အရေးပေါ် ကယ်ဆယ်ရေးတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ စိတ်ကျန်းမာရေးရင်းမြစ်တွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ AI အသုံးပြုပြီး စိတ်ပူပန်ရတဲ့ ပို့စ်တွေကို flag ပြုလုပ်ပေးပါတယ်။ အဲဒီ ပို့စ်တွေကို လူသား moderator တွေဆီ ပို့ပေးထားတာကြောင့် အကူအညီတွေကို Facebook က မြန်မြန်ဆန်ဆန် ပေးနိုင်ပါတယ်။

 


အရင်တုန်းက ပြဿနာရှိတဲ့ ပို့စ်တွေကို ခြေရာခံနိုင်ဖို့ AI ကို စမ်းသပ်အသုံးပြုသလို အမေရိကန်နိုင်ငံအတွင်းက သူငယ်ချင်းမိတ်ဆွေဆီ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေကို သတင်းပေးပို့တဲ့ option တွေလည်း ပေးထားပါတယ်။ အခုဆိုရင် ဥရောပကလွဲပြီး ကမ္ဘာတစ်ဝန်းက content တွေအားလုံးကို အခု AI နည်းပညာသစ်နဲ့ လိုက်လံရှာဖွေနိုင်ပါတယ်။ Facebook ရဲ့အခုနည်းပညာဟာ ရှုပ်ထွေးသလို အထိအခိုက်မခံတဲ့ သတင်းအချက်အလက်အခြေခံထားပြီး ဥရောပမှာ သုံးစွဲသူအချက်အလက်တွေကို General Data Protection Regulation တစ်ကိုယ်ရေဥပဒေတွေ ရှိတဲ့အတွက် ကျင့်သုံးလို့ မရပါဘူး။

အခု AI ကို အန္တရာယ်ရှိပြီး အရေးကြီးအကူအညီလိုအပ်တဲ့ သုံးစွဲသူတွေရဲ့ အစီရင်ခံစာတွေကို Facebook က ဦးစားပေး ထောက်ပံ့ပေးသွားမှာ ဖြစ်တာကြောင့် moderator တွေရဲ့ အထောက်အပံ့ကို လျင်လျင်မြန်မြန် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒေသတွင်း ဘာသာစကား ရင်းမြစ်တွေနဲ့ အရေးပေတဲ့ ဆက်သွယ်ရေး အချက်အလက်တွေပါဝင်တဲ့ tool တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုကို တားဆီးဖို့ Facebook အနေနဲ့ moderator တွေကို တာဝန်ပေးထားပြီး ၂၄ နာရီ ၇ ရက်အတွင်း ဖြစ်ပေါ်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ လေ့ကျင့်ပေးထားပါတယ်။ အခုဆိုရင် Save.org, National Suicide Prevention Lifeline နဲ့ Forefront လိုမျိုး ဒေသတွင်းအဖွဲ့အစည်းအခု ၈၀ နဲ့ Facebook က ပူးပေါင်းထားပါတယ်။

စိုးထက်
Ref: TechCrunch
http://www.internetjournal.media

Your rating: None Average: 5 (1 vote)